Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:36 - Common Language Bible

36 ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ထို အ ခါ ယာ ကုပ် အ မျက် ထွက်၍ လာ ဗန် ကို အ ပြစ် ဖွဲ့ ဆို သည် ကား၊ ဦး ရီး သည် ပြင်း ထန် စွာ လိုက် လာ သည် မှာ ကျွန် တော် လွန် ကျူး ၍ ပြု ခဲ့ မိ သော ပြစ် မှု မည် သို့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​အ​ခါ ယာ​ကုပ်​သည်​စိတ်​ဆိုး၍ လာ​ဗန်​ကို​ဆုံး​မ​သည်​ကား၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြစ်​မှား၍၊ အ​ဘယ်​အ​ပြစ်​ရှိ​သော​ကြောင့်၊ ကျွန်ုပ်​ကို ဤ​မျှ​လောက် ပြင်း​ထန်​စွာ​လိုက်​ရ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထိုအခါ ယာကုပ်​သည်​အမျက်ထွက်​၍ လာဗန်​ကို​အပြစ်တင်​လေ​၏​။ ယာကုပ်​သည် လာဗန်​အား “​ဦးရီး​သည် အကျွန်ုပ်​နောက်သို့​အပြင်းအထန်​လိုက်​ရ​လေ​အောင် အကျွန်ုပ်​သည် မည်သည့်​အမှု​ကို​ကျူးလွန်​မိ​သနည်း​။ မည်သည့်​အပြစ်​ကို​ပြု​မိ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:36
14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်​အ​မျက်​ထွက်​၍``ငါ သည်​ဘု​ရား​လော။ ဘု​ရား​က​သာ​သင့်​အား သား​ဖွား​ခွင့်​ကို​ပေး​တော်​မူ​နိုင်​သည်​မ​ဟုတ် လော'' ဟု​ပြန်​ဖြေ​လေ​သည်။


ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။


ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-


ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-


သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။ မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။


ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။


သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-


လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။


ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။


``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-


ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​သည်​အ​ပြစ်​ကူး​ရာ​ရောက်​သည့်​တိုင်​အောင် အ​မျက်​မ​ထွက်​ကြ​နှင့်။ နေ​မ​ဝင်​မီ​အ​မျက်​ကို ပြေ​ငြိမ်း​စေ​ကြ​လော့။-


ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ