ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
ကမ္ဘာဦး 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။ Common Language Bible ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။ Garrad Bible ထို သူ နှစ် ဦး တို့ သည် မျက် စိ ပွင့် လင်း ၍ အ၀တ် အ ချည်း စည်း ရှိ သည် ကို သိ မြင် သည် နှင့် သ ဖန်း ရွက် များ ကို တွယ် စပ်၍ ၀တ် စည်း ရန် လုပ် ကြ ၏။ Judson Bible ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။ |
ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
ရှမာရိမြို့သို့ရောက်သွားသောအခါ ဧလိရှဲက “အို ထာဝရဘုရား၊ သူတို့ပြန်မြင်ရဖို့ သူတို့၏မျက်စိကိုဖွင့်ပေးတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားက သူတို့၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် သူတို့သည် ရှမာရိမြို့လယ်သို့ ရောက်နေသည်ကို တွေ့ရလေ၏။
ခုတင်သည် ကိုယ်ကိုဆန့်ထား၍မရလောက်အောင် တို၏။ စောင်သည်လည်း ခြုံ၍မရလောက်အောင် သေး၏။
သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မျှော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။
(ဤသည်ကား စစ်ပွဲအတွေ့အကြုံမရှိသေးသော အစ္စရေးလူမျိုး မျိုးဆက်သစ်များ စစ်မှုရေးရာ သင်ယူစေရန်ဖြစ်၏။)