ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
ကမ္ဘာဦး 29:25 - မြန်မာ့စံမီသမ္မာကျမ်း နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။ Common Language Bible မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။ Garrad Bible နံ နက် အ ချိန် ရောက်၍ လေ အာ ဖြစ် မှန်း ကို သိ မြင် လျှင် ယာ ကုပ် က၊ ကျွန် တော် အား ပြု သော အ မှု ကား မည် သို့ နည်း။ ရာ ခေ လ ကို ရ ခြင်း ငှါ အ စေ ခံ ခဲ့ သည် မ ဟုတ် ပါ လော။ ကျွန် တော် ကို အ ဘယ် ကြောင့် လှည့် စား ဘိ သ နည်း ဟု လာ ဗန် အား လျှောက် သော်၊ Judson Bible နံနက်အချိန်ရောက်မှ ယာကုပ်သည်ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန်ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည်ရာခေလကိုရခြင်းငှာ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟုဆိုသော်၊ |
ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။
အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။
လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
လာဗန်ကလည်း “ငါတို့အရပ်၌ သမီးအငယ်ကို သမီးအကြီးထက်အလျင် ထိမ်းမြားပေးလေ့မရှိ။
လာဗန်က ယာကုပ်အား “သင်မည်သို့ပြုသနည်း။ သင်သည် ငါ့ကိုမလိမ့်တပတ်လုပ်၍ ငါ့သမီးတို့ကို စစ်သုံ့ပန်းကဲ့သို့ ခေါ်ဆောင်သွားပြီတကား။
သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။
ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူပင် အကျိုးအပြစ်ကိုခံစားရသည်ဆိုလျှင် ဆိုးယုတ်သောသူနှင့် အပြစ်ပြုသောသူမူကား အဘယ်ဆိုဖွယ်ရှိသနည်း။
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။
ထိုမိန်းမသည် ရှမွေလကို မြင်လျှင် အသံကျယ်လောင်စွာအော်ဟစ်လျက် ရှောလုမင်းကြီးအား “အဘယ်ကြောင့် အကျွန်ုပ်ကို လှည့်စားသနည်း။ အရှင်ကား ရှောလုမင်းကြီးပင် မဟုတ်လော”ဟု ပြောဆိုလေ၏။