မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။