အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။
ကမ္ဘာဦး 27:45 - မြန်မာ့စံမီသမ္မာကျမ်း သင့်အစ်ကိုသည် သင့်ကိုအမျက်ပြေ၍ သူ၌သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ ငါသည်လူလွှတ်၍ သင့်ကိုထိုအရပ်မှပြန်ခေါ်မည်။ သင်တို့နှစ်ဦးစလုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့် ငါအဆုံးရှုံးခံရမည်နည်း”ဟု ဆို၏။ Common Language Bible ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။ Garrad Bible သင် အ ပေါ်၌ အစ် ကို၏ ဒေါ သ မီး ငြိမ်း လျက် သင် ပြု ခဲ့ သော အ မှု ကို မေ့ လျော့ သော အ ခါ လူ လွှတ်၍ ထို အ ရပ် မှ သင့် ကို ငါ ခေါ် ယူ မည်။ ငါ့ သား နှစ်ယောက် လုံး ကို တစ် နေ့ ချင်း တွင် အ ဘယ် ကြောင့် ဆုံး ရှုံး ရ မည် နည်း ဟု ဆို လေ ၏။ Judson Bible သင်၏အစ်ကိုစိတ်ပြေ၍၊ သင်သည် သူ၌ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့်ငါရှုံးရမည်နည်းဟု ဆိုလေ၏။ |
အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။
ယာကုပ်ကလည်း “အကျွန်ုပ်သည် အဖေ့သားဦးဧသောဖြစ်ပါသည်။ အဖေပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ အဖေသည် အကျွန်ုပ်ကို ကောင်းချီးပေးမည့်အကြောင်း ယခု ထ၍ထိုင်ပါ။ အကျွန်ုပ်၏တောကောင်သားကို စားပါ”ဟု မိမိဖခင်အား ဆိုလေ၏။
ဖခင်ကလည်း “သင့်ညီသည် လာ၍ လိမ်လည်လှည့်ဖြားပြီး သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီ”ဟု ဆို၏။
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။