Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 27:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ဖခင်​က​လည်း “​သင့်​ညီ​သည် လာ​၍ လိမ်လည်လှည့်ဖြား​ပြီး သင်​၏​ကောင်းချီးမင်္ဂလာ​ကို ယူသွား​ပြီ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 အ ဘ က၊ သင့် ညီ သည် ပ ရိ ယာယ် နှင့် လာ၍ သင် ရ ထိုက် ရာ ကောင်း ကြီး ကို ခံ ယူ လေ ပြီ ဟု ဆို ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 အ​ဘ​က၊ သင့်​ညီ​သည် လိ​မ္မာ​စွာ​လာ၍၊ သင်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပြီ​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 27:35
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဣဇက်​သည် အလွန်​ထိတ်လန့်​တုန်လှုပ်​လျက် “​သို့ဖြစ်လျှင် တောကောင်​လိုက်ဖမ်း​၍ ငါ့​ထံသို့​ယူလာ​ခဲ့​သော​သူ​သည် မည်သူ​နည်း​။ သင်​ရောက်​မ​လာ​မီ ငါ​သည် အကုန်​စား​ပြီး သူ့​ကို​ကောင်းချီးပေး​လေ​ပြီ​။ အကယ်စင်စစ် သူ​သည် ကောင်းချီးမင်္ဂလာ​ကို​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။


နံနက်အချိန်​ရောက်​သောအခါ ယာကုပ်​သည် လေအာ​ဖြစ်ကြောင်း​မြင်​လျှင် လာဗန်​အား “​အကျွန်ုပ်​၌ ဦးရီး​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ အကျွန်ုပ်​သည် ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို​အစေခံ​ခဲ့​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​ကို အဘယ်ကြောင့်​လှည့်စား​ရ​သနည်း​”​ဟု ဆို​၏​။


သို့ဖြစ်၍ ဗာလ​ဘုရား​၏​ပရောဖက်​အားလုံး​၊ ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​အားလုံး​၊ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​အားလုံး တစ်ယောက်​မျှ​မ​ကျန် ခေါ်​ခဲ့​လော့​။ အကြောင်းမှာ ငါ​သည် ဗာလ​ဘုရား​အဖို့ ယဇ်ပူဇော်ပွဲ​ကြီး​ကို ကျင်းပ​မည်​။ မလာရောက်​သူ​များ အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ စင်စစ် ယေဟု​သည် ဗာလ​ဘုရား​အား ဝတ်ပြု​သူ​များ​ကို​သုတ်သင်​ပစ်​ရန် ပရိယာယ်​ဆင်​ခြင်း​ဖြစ်​၏​။


သင်​တို့​သည် ဘုရားသခင်​ဘက်​မှ​နေ​၍ ကောက်ကျစ်​သော​စကား​၊ လိမ်လည်လှည့်စား​သော​စကား​တို့​ကို ပြောဆို​ကြ​မည်လော​။


“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။


ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။


သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။


ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ