ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ကမ္ဘာဦး 27:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။ Common Language Bible ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။ Garrad Bible ဣ ဇာက် သည် အ လွန် တုန် လှုပ် ချောက် ချား လျက်၊ သို့ ဖြစ် လျှင် အ မဲ သား ကို ရ၍ ငါ့ ထံ သွင်း ပြီး သူ ကား၊ မည် သူ နည်း။ သင် မ ရောက် မီ၊ အ မျိုး မျိုး ကို ငါ စား၍ ထို သူ့ အား ကောင်း ကြီး ပေး လေ ပြီ။ ကောင်း ကြီး လည်း သူ၌ တည် လိမ့် မည် ဟု ဆို လေ၏။ Judson Bible အမဲသားကိုရ၍၊ ငါ့ထံသို့ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းချီးပေးမိပြီ။ သူသည် ကောင်းချီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ဖခင်ကလည်း “သင့်ညီသည် လာ၍ လိမ်လည်လှည့်ဖြားပြီး သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီ”ဟု ဆို၏။
ထိုအခါ ဣဇက်သည် ယာကုပ်ကိုခေါ်၍ “သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။
ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်တုန်လှုပ်ခြင်းသည် အကျွန်ုပ်အပေါ်ကျရောက်၍ ကြောက်ရွံ့စိတ်သည်လည်း အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။
ကောင်းချီးပေးမည့်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ကိုယ်တော်သည် ကောင်းချီးပေးတော်မူသည်ဖြစ်၍ ထိုကောင်းချီးကို ငါမပြောင်းလဲနိုင်။
သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးရန်သာ လာတတ်၏။ ငါမူကား သိုးတို့အား အသက်ကိုရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာရရှိစေရန်လာ၏။
အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။