သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။
ကမ္ဘာဦး 27:12 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။ Common Language Bible ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။ Garrad Bible အ ကယ်၍ ကျွန် တော် ကို အ ဘ စမ်း သပ် လျှင် ပြက် ရယ် ပြု သူ ဟု မှတ် သ ဖြင့် ကျွန် တော် သည် ကိုယ့် အ ပေါ် တွင် မင်္ဂ လာ ကို မ ဟုတ်၊ အ မင်္ဂ လာ ကို သင့် စေ ပါ လိမ့် မည် ဟု အ မိ အား ပြန် လျှောက် သော်၊ Judson Bible ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။ |
သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
သင့်အစ်ကိုသည် သင့်ကိုအမျက်ပြေ၍ သူ၌သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ ငါသည်လူလွှတ်၍ သင့်ကိုထိုအရပ်မှပြန်ခေါ်မည်။ သင်တို့နှစ်ဦးစလုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့် ငါအဆုံးရှုံးခံရမည်နည်း”ဟု ဆို၏။
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အသရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဂုဏ်သတင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ အရာရာ၌ မိမိတို့ကိုယ်ကိုဘုရားသခင်၏အစေခံများအဖြစ် ထင်ရှားစေကြ၏။ ငါတို့သည် လှည့်ဖြားသောသူကဲ့သို့ဖြစ်သော်လည်း ဖြောင့်မှန်သောသူဖြစ်ကြ၏။
‘မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။