ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
ကမ္ဘာဦး 25:31 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်ကလည်း “သင်၏သားဦးအရိုက်အရာကို ငါ့အား ယခုရောင်းပါလော့”ဟု ဆို၏။ Common Language Bible ထိုအခါယာကုပ်က``သားဦးအရာကို ပေးလျှင်ဟင်းကိုပေးမည်'' ဟုဆိုလေသည်။ Garrad Bible ယာ ကုပ် က လည်း ယ ခု ပင် သင့် သြ ရ သ ရိုက် ရာ ကို ကျွန်ုပ် အား ရောင်း ချ ပါ ဟု ဆို လျှင်၊ Judson Bible ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါဟုဆိုလျှင်၊ |
ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
ဧသောကလည်း “ငါသေလုပြီဖြစ်၍ ဤသားဦးအရိုက်အရာသည် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။
ဖခင်သည် မိမိ၌ရှိသောအရာကို မိမိသားတို့အား အမွေခွဲပေးသောနေ့တွင် သားဦးဖြစ်သူအချစ်မခံရသောမယား၏သားနေရာ၌ အချစ်ခံရသောမယား၏သားကို သားဦးအရိုက်အရာပေးခွင့်မရှိ။
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
တရားနှင့်မညီမေထုန်ပြုသူ၊ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။