သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 23:4 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။ Common Language Bible ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။ Garrad Bible ကျွန်ုပ် သည် သင် တို့ တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ပါ၏။ မ ယား အ လောင်း ကို မျက် ကွယ် အောင် သင်္ဂြိုဟ် ရန် သင် တို့ ပြည် တွင် သင်္ချိုင်း မြေ ကို အ ပိုင် ပေး ကြ ပါ လော့ ဟု တောင်း ဆို လျှင်၊ Judson Bible ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။ |
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ထိုလိုဏ်ဂူသည် ခါနာန်ပြည်၊ မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိ၏။ အာဗြဟံသည် ထိုလယ်ကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဟိတ္တိလူမျိုးဧဖရုန်ထံမှ ဝယ်ယူခဲ့၏။
ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
အကျွန်ုပ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဧည့်သည်ဖြစ်ပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
မြေသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည် ငါ့ထံ၌တည်းခိုသော တိုင်းတစ်ပါးသားများ၊ ဧည့်သည်များဖြစ်သောကြောင့် မြေကိုအပြီးအပိုင်မရောင်းရ။
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။