ကမ္ဘာဦး 23:4 - Common Language Bible4 ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ကျွန်ုပ် သည် သင် တို့ တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ပါ၏။ မ ယား အ လောင်း ကို မျက် ကွယ် အောင် သင်္ဂြိုဟ် ရန် သင် တို့ ပြည် တွင် သင်္ချိုင်း မြေ ကို အ ပိုင် ပေး ကြ ပါ လော့ ဟု တောင်း ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible4 ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 “အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-