ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
ကမ္ဘာဦး 23:17 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို Common Language Bible ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။- Garrad Bible ထို သို့ လျှင် မံ ရေ မြို့ ရှေ့၊ မ ပ္ပေ လ အ ရပ် ရှိ ဧ ဖ ရုန့် မြေ ကွက် ကို လည်း ကောင်း၊ ထို မြေ ကွက် ရှိ ဂူ နှင့် သစ် ပင် ဟူ သ မျှ ကို လည်း ကောင်း၊ Judson Bible ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကိုလည်းကောင်း၊ |
ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
ထိုလယ်သည် ဟေသအမျိုးသားတို့ထံမှ အာဗြဟံဝယ်ယူထားသောလယ်ဖြစ်၏။ အာဗြဟံကို သူ၏မယားစာရာနှင့်အတူ ထိုအရပ်တွင် သင်္ဂြိုဟ်ကြလေ၏။
သူ၏သား ဣဇက်နှင့်ဣရှမေလတို့သည် မံရေမြို့အရှေ့ဘက်၊ ဟိတ္တိလူမျိုးဇောဟာ၏သား ဧဖရုန်၏လယ်၌ရှိသော မပ္ပေလလိုဏ်ဂူတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
သူ့နေရာသို့ သူ့ကို သင်ခေါ်သွားပေးနိုင်သလော။ သူ့အိမ်သို့သွားသောလမ်းကို သင်သိသလော။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။