ကမ္ဘာဦး 23:15 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ငွေလေးရာရှယ်ကယ်တန်ဖိုးရှိသောမြေသည် သခင်နှင့်အကျွန်ုပ်ကြား၌ အဘယ်ဆိုဖွယ်ရှိသနည်း။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါလော့”ဟု ပြန်ပြောလျှင် Judson Bible ထိုမြေသည် ငွေလေးပိဿာအဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။ |
သူသည် ရှေခင်၏ဖခင်ဖြစ်သော ဟာမော်၏သားတို့ထံမှ ငွေတစ်ရာဖြင့်မြေကွက်ကိုဝယ်ယူပြီး ထိုအရပ်၌တဲထိုးလေ၏။
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် ထာဝရဘုရားအား အလှူပစ္စည်းကိုဆက်ကပ်သောအခါ ချမ်းသာသောသူသည် ရှယ်ကယ်တစ်ဝက်ထက် ပို၍မဆက်ကပ်ရ။ ဆင်းရဲသောသူသည်လည်း ရှယ်ကယ်တစ်ဝက်ထက် လျှော့၍မဆက်ကပ်ရ။
တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။