ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
ကမ္ဘာဦး 20:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။ Common Language Bible ထိုနောက်အဘိမလက်သည်အာဗြဟံကိုခေါ် ၍``သင်သည် ငါတို့အားအဘယ်သို့ပြုဘိသနည်း။ သင့်ကိုငါဘယ်ကဲ့သို့ပြစ်မှားမိခဲ့သဖြင့် သင် သည်ငါနှင့်တကွငါ၏နိုင်ငံကိုဘေးဒုက္ခဆိုက် ရောက်စေပါသနည်း။ သင်သည် ငါ့အားမပြုအပ် သည့်အမှုကိုပြုပါသည်တကား။- Garrad Bible အာ ဗြ ဟံ ကို လည်း အ ဘိ မ လက် မင်း ခေါ်၍ သင် သည် ငါ တို့၌ မည် သို့ ပြု ဘိ သ နည်း။ ငါ အား လည်း ကောင်း၊ ငါ့ နိုင် ငံ အား လည်း ကောင်း၊ ကြီး လေး သော အ ပြစ် ကို ရောက် လို စေ ရန် သင့် အ ပေါ် တွင် မည် သို့ ငါ ပြစ် မှား သ နည်း။ မ ပြု အပ် သော အ မှု များ ကို ငါ၌ သင် ပြု ခဲ့ ပြီ တ ကား ဟု မိန့် ဆို လေ ၏။ Judson Bible အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌လည်းကောင်း၊ ငါ့နိုင်ငံ၌လည်းကောင်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။ |
ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။
တစ်ဖန် အဘိမလက်မင်းကြီးက “သင်သည် မည်သို့တွေးထင်၍ ဤအမှုကိုပြုသနည်း”ဟု အာဗြဟံအား မေး၏။
အဘိမလက်မင်းကြီးသည်လည်း နံနက်စောစောထ၍ မိမိအမှုထမ်းအပေါင်းတို့ကိုဆင့်ခေါ်ပြီးလျှင် ဤအမှုအရာအလုံးစုံတို့ကို သူတို့အားပြောကြားလေ၏။ ထိုအခါ လူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။
နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ချမ်းသာသောသူကို အလွန်အမျက်ထွက်ပြီး နာသန်အား “ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ ထိုသို့ပြုသောသူသည် အမှန်ပင် သေရမည်။
တာမာကလည်း သူ့အား “မလုပ်ပါနှင့် အစ်ကို။ အကျွန်ုပ်ကို အဓမ္မမပြုပါနှင့်။ အစ္စရေးလူမျိုးတွင် ဤသို့ပြုလေ့မရှိ။ ဤသို့ ယုတ်ညံ့သောအမှုကို မပြုပါနှင့်။
ထို့နောက် မောရှေက အာရုန်အား “ဤလူတို့သည် သင့်အား မည်သို့ပြုမိသဖြင့် ဤမျှကြီးလေးသောအပြစ်ကို သူတို့အပေါ်သို့ ကျရောက်စေသနည်း”ဟု မေးလျှင်
အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။
ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည် မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။ အပြစ်တင်စရာမရှိသောသူတို့မူကား ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ယောရှုက “သင်သည် ငါတို့ကို အဘယ်ကြောင့်ဒုက္ခပေးသနည်း။ ယခု ထာဝရဘုရားသည် သင့်ကိုပြန်၍ဒုက္ခပေးတော်မူမည်”ဟု ဆို၏။ အစ္စရေးလူမျိုးအပေါင်းတို့ကလည်း သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြလေ၏။ ဤသို့ဖြင့် သူတို့ကို ကျောက်ခဲနှင့်ပေါက်သတ်ပြီးနောက် မီးရှို့ပစ်ကြ၏။