ယောရှု 7:25 - မြန်မာ့စံမီသမ္မာကျမ်း25 ယောရှုက “သင်သည် ငါတို့ကို အဘယ်ကြောင့်ဒုက္ခပေးသနည်း။ ယခု ထာဝရဘုရားသည် သင့်ကိုပြန်၍ဒုက္ခပေးတော်မူမည်”ဟု ဆို၏။ အစ္စရေးလူမျိုးအပေါင်းတို့ကလည်း သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြလေ၏။ ဤသို့ဖြင့် သူတို့ကို ကျောက်ခဲနှင့်ပေါက်သတ်ပြီးနောက် မီးရှို့ပစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 ယော ရှု က၊ ငါ တို့ ကို အ ဘယ် ကြောင့် ဒု က္ခ ပေး ရ သ နည်း။ ယ နေ့ ပင် သင့် ကို ထာ ဝ ရ ဘု ရားဒု က္ခ ပေး တော် မူ လိမ့် မည် ဟု ဆို ပြီး မှ၊ ဣ သ ရေ လ တစ် မျိုး လုံး သည် ထို သူ နှင့် ပါ သ မျှ ကို ခဲ ပစ် ဒဏ်၊ အခန်းကိုကြည့်ပါ။Judson Bible25 ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ယှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ယှက်တော်မူမည်ဟုဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။