ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
ကမ္ဘာဦး 20:16 - မြန်မာ့စံမီသမ္မာကျမ်း စာရာကိုလည်း “ကြည့်လော့။ သင်၏အစ်ကိုအား ငွေစတစ်ထောင်ကို ငါပေးပြီ။ ဤငွေသည် သင်နှင့်အတူရှိသောသူအားလုံးရှေ့တွင် သင်၏ဂုဏ်သိက္ခာထိန်းသိမ်းခြင်းအတွက်ဖြစ်လိမ့်မည်။ သင်သည်လည်း အားလုံးရှေ့၌ အပြစ်ကင်းကြောင်းထင်ရှားလိမ့်မည်”ဟု မိန့်ဆို၏။ Common Language Bible ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။ Garrad Bible စာ ရာ အား လည်း ပါ ရှိ သူ အ ပေါင်း တို့ တွင် မျက် နှာ ဖုံး အ ဖြစ် သင့် မောင် အား သင့် အ ဖို့ ငွေ တစ် ထောင် ကို ငါ ပေး ပြီ။ ထို သို့ လူ အ ပေါင်း တို့ ရှေ့ သင် ကို အ သ ရေ ရှိ စေ ပြီ ဟု မိန့် ဆို လေ ၏။ Judson Bible စာရာကိုလည်း၊ သင်နှင့် သင့်အပေါင်းအဖော်တို့အဖို့၊ မျက်နှာဖုံးများကို ဝယ်စရာဖို့၊ သင်၏မောင်အား ငွေတစ်ထောင်ကိုငါပေးပြီဟု အမိန့်ရှိသဖြင့်၊ သူသည်လည်း အရာရာ၌အဆုံးအမခံရ၏။ |
ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
“ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
ထို့နောက် အဘိမလက်မင်းကြီးသည် လူအပေါင်းတို့အား “ဤသူနှင့် သူ၏မယားကိုထိသောသူသည် မုချအသတ်ခံရမည်”ဟု အမိန့်ပေးမှာကြားလေ၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။