ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလပြည်တစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
ကမ္ဘာဦး 2:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။ Common Language Bible (ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-) Garrad Bible ထို ပြည် မှ ထွက် သော ရွှေ သည် ကောင်း လှ ၏။ ပ ယင်း နှင့် မ ဟူ ရာ ကျောက် လည်း ရှိ ၏။ Judson Bible ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ |
ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလပြည်တစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်ရမည်။ ၎င်းတို့ကို ခြယ်လှယ်ထားသောရွှေကျောက်မျက်အိုးထဲ၌ ထားရှိရမည်။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။