လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။
လော တ ထွက်၍ သ မီး နှင့် စုံ ဖက် သူ သ မက် တို့ အား၊ ထ ကြ။ ဤ မြို့ မှ ထွက် သွား ကြ။ ဤ မြို့ ကို ထာ၀ ရ ဘုရား ဖျက် ဆီး တော် မူ မည် ဟု ဆို သော် လည်း ကျီ စယ် သည် ဟု သ မက် တို့ ထင် ကြ ၏။
လောတထွက်၍၊ သမီးနှင့်စုံဖက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု သမက်တို့ထင်ကြ၏။
အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
ထိုအရပ်သို့ အလျင်အမြန်ပြေးလော့။ အကြောင်းမူကား ထိုအရပ်သို့ သင်မရောက်မချင်း ငါသည် မည်သည့်အမှုကိုမျှပြု၍မရ”ဟု ဆို၏။ ဤအကြောင်းကြောင့် ထိုမြို့၏အမည်ကို ဇောရ ဟုခေါ်ကြ၏။
ဆက်သားတို့သည် ဧဖရိမ်နယ်၊ မနာရှေနယ်၊ ဇာဗုလုန်နယ်တို့အထိ တစ်မြို့ပြီးတစ်မြို့ သွားကြ၏။ သို့သော် လူတို့သည် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ထို့ကြောင့် ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကို ညတွင်းချင်းဆင့်ခေါ်၍ “သင်တို့မှစ၍ အစ္စရေးအမျိုးသားတို့ပါ ထ၍ ငါ၏လူမျိုးထဲမှ ထွက်သွားကြလော့။ သင်တို့လျှောက်ထားသည့်အတိုင်း ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။
ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ
ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
“ဤလူထုအပေါင်းတို့နှင့် ခွဲနေလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးမည်”ဟု မိန့်တော်မူ၏။
မောရှေက လူထုတို့အား “ဤဆိုးယုတ်သောသူတို့၏တဲများမှ ဖယ်ခွာကြလော့။ သူတို့ပိုင်သောအရာတစ်စုံတစ်ခုကိုမျှ မထိကြနှင့်။ ထိမိလျှင် သူတို့အပြစ်များကြောင့် သင်တို့ပါ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလျှင်
“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
“ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။
သူငယ်လာနေစဉ်တွင် နတ်ဆိုးသည် သူ့ကိုလှဲချကာ တက်စေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကိုဆုံးမ၍ သူငယ်ကိုကျန်းမာစေပြီးလျှင် သူ့ကို ဖခင်ထံ ပြန်အပ်တော်မူ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။