ထိုအခါ အာဗြဟံသည် တဲထဲ၌ရှိသောစာရာထံသို့ အလျင်အမြန်ဝင်သွားပြီး “အကောင်းဆုံးဂျုံမှုန့် သုံးစေအာကိုနယ်၍ မုန့်ပြားများ အမြန်လုပ်ပါ”ဟု ဆို၏။
ကမ္ဘာဦး 18:5 - မြန်မာ့စံမီသမ္မာကျမ်း စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။ Common Language Bible အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။ Garrad Bible ခဲ ဖွယ် စား ဖွယ် အ နည်း ငယ် ကို လည်း ယူ ခဲ့ ပါ မည်။ အား ဖြည့် တင်း ပြီး မှ ကြွ တော် မူ ကြ ပါ ဟု လျှောက် သော် ထို သူ တို့ က သင့် စ ကား အ တိုင်း ပြု လေ လော့ ဟု ဆို ကြ ၏။ Judson Bible မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှာ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။ |
ထိုအခါ အာဗြဟံသည် တဲထဲ၌ရှိသောစာရာထံသို့ အလျင်အမြန်ဝင်သွားပြီး “အကောင်းဆုံးဂျုံမှုန့် သုံးစေအာကိုနယ်၍ မုန့်ပြားများ အမြန်လုပ်ပါ”ဟု ဆို၏။
ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။
ယာကုပ်ကလည်း “မဟုတ်ပါ။ အကျွန်ုပ်သည် သခင့်ရှေ့၌ မျက်နှာရပါလျှင် အကျွန်ုပ်ပေးသောလက်ဆောင်ကို လက်ခံပါလော့။ အကယ်စင်စစ် သခင်၏မျက်နှာကို အကျွန်ုပ်ဖူးမြင်ရသည်မှာ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ သခင်သည်လည်း အကျွန်ုပ်ကို ကြည်ဖြူစွာလက်ခံပါပြီ။
ထိုမုဆိုးမ ရေသွားယူစဉ် ဧလိယက သူ့အား “မုန့်လည်း အနည်းငယ် ယူလာပေးပါ”ဟု လှမ်းပြော၏။
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “သင် ငါ့ကိုတားထားသော်လည်း သင်ကျွေးသောအစာကို ငါစားမည်မဟုတ်။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင်မူကား ထာဝရဘုရားထံ ပူဇော်ရမည်”ဟု ဆို၏။ ထိုသူသည် ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို မာနော် မသိချေ။
လေးရက်မြောက်သောနေ့တွင် သူတို့သည် နံနက်စောစောထ၍ပြန်သွားရန် ပြင်ဆင်၏။ သို့သော် မယားငယ်၏ဖခင်က “အားရှိအောင် နည်းနည်းစားသောက်ပြီးမှ သွားပါ”ဟု သမက်အား ဆိုသဖြင့်
ကိုယ်တော့်ထံသို့ အကျွန်ုပ်ပြန်လာ၍ ဘောဇဉ်ပူဇော်သက္ကာကို ကိုယ်တော်အား လာပြီးမဆက်သမချင်း ဤနေရာမှ ထွက်မသွားပါနှင့်”ဟု လျှောက်ဆိုလျှင် “သင်ပြန်လာသည်အထိ စောင့်နေမည်”ဟု ပြန်၍မိန့်တော်မူ၏။
ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။