ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ကမ္ဘာဦး 15:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။ Common Language Bible ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊- Garrad Bible ထို နေ့ ရက်၌ ထာ ဝ ရ ဘု ရား သည် အာ ဗြံ နှင့် ပ ဋိ ညာဉ် ဖွဲ့ တော် မူ လျက် အိ ဂျစ် ပြည် ရှိ မြစ် မှ စ၍ ဥ ဖ ရတ် မြစ် ကြီး တိုင် အောင်၊ Judson Bible ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။
တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။
အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးအမြောက်အမြားနှင့်အတူ ခုနစ်ရက်တိုင်တိုင် ပွဲတော်ကျင်းပလေ၏။
အစ္စရေးလူမျိုးမဟုတ်သော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
သူသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်အစွန်အဖျားတိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အုပ်ချုပ်ရ၏။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
“ခါနာန်ပြည်ကို သင်တို့၏အမွေဝေစုအဖြစ် သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင်တို့ကို ခါနာန်လူမျိုးတို့၏ပြည်သို့ ပို့ဆောင်၍ ထိုပြည်ကို သင်တို့အားပေးတော်မူသောအခါ
ဘုရားသခင်သည် သူတို့၏ညည်းတွားမြည်တမ်းသံကိုကြားတော်မူလျှင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။
လူမျိုးခြားတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်ပြီး သင်၏နယ်ပယ်ကို ငါကျယ်ဝန်းစေမည်ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ်မျက်နှာလာပြစဉ်အတွင်း မည်သူမျှ သင်၏မြေကို လိုချင်တပ်မက်စိတ် မရှိစေရ။
ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့အား ပေးတော်မူ၏။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
ငါသည် ယာကုပ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တို့ကို ငါအောက်မေ့မည်။ သူတို့၏ပြည်ကိုလည်း ငါအောက်မေ့မည်။
ငါသည် သူတို့ဘိုးဘေးတို့၏ဘုရားဖြစ်ဖို့အတွက် လူမျိုးခြားတို့၏မျက်မှောက်၊ အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သော သူတို့၏ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သည့်ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း သင်၏နယ်မြေကို ကျယ်ဝန်းစေတော်မူသောအခါ သင်သည် အသားစားလိုသောစိတ်ရှိ၍ ‘ငါအသားစားမည်’ဟု ဆိုလျှင် သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း စားခွင့်ရှိ၏။
သင်၏ဘုရားသခင်ထာဝရဘုရားက သင့်ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သင်၏နယ်မြေကို ကျယ်ပြန့်စေ၍ သင့်ဘိုးဘေးတို့အား ပေးမည်ဟု ကတိထားတော်မူခဲ့သည့် ပြည်တစ်ပြည်လုံးကို သင့်အား ပေးတော်မူလျှင်၊
ထို့နောက် ထာဝရဘုရားက မောရှေအား “အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုသည်နှင့်အညီ ဤပြည်ကား ‘သင်၏သားစဉ်မြေးဆက်တို့အား ငါပေးမည်’ဟု ကတိထားသောပြည်ဖြစ်၏။ သင့်မျက်စိဖြင့်တွေ့မြင်ခွင့်ကို ငါပေးသော်လည်း သင်သည် ထိုပြည်သို့ကူးသွားရမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
ထိုမှတစ်ဖန် အာဇမုန်အရပ်ကိုကျော်၍ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ ပင်လယ်၌ နယ်နိမိတ်ဆုံး၏။ ဤသည်ကား ယုဒအမျိုးအနွယ်တို့၏တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။