ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
ကမ္ဘာဦး 13:7 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။) Common Language Bible သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။) Garrad Bible အာ ဗြံ၏ နွား ကျောင်း နှင့် လော တ၏ နွား ကျောင်း တို့ သည် အ ချင်း ချင်း ခိုက် ရန် ပြု ကြ၏။ ထို အ ခါ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ သည် ထို ပြည် တွင် တည် နေ နှင့် ကြ သ တည်း။ Judson Bible အာဗြံ၏နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ |
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
ထို့နောက် အာဗြဟံသည် အဘိမလက်မင်းကြီး၏အစေအပါးများလုယူသောရေတွင်းနှင့်ပတ်သက်၍ အဘိမလက်မင်းကြီးကို တိုင်ကြားလေ၏။
သို့သော် ဂေရာမြို့မှတိရစ္ဆာန်ထိန်းကျောင်းသူတို့သည် “ဤရေကို ငါတို့ပိုင်၏”ဟု ဆိုလျက် ဣဇက်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကို ရန်တွေ့ကြ၏။ ထိုသို့ သူတို့သည် ဣဇက်နှင့်ဖက်ပြိုင်ရန်တွေ့ကြသဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို ဧသက် ဟုခေါ်၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
ထိုအခါ သိုးထိန်းတို့သည်ရောက်လာ၍ သူတို့ကိုနှင်ထုတ်ကြသဖြင့် မောရှေသည် ထ၍ ထိုမိန်းမတို့ကိုကာကွယ်ပေးပြီး သူတို့၏သိုးဆိတ်တို့ကို ရေတိုက်လေ၏။
ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
အိမ်ထောင်စုတစ်စုသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုအိမ်ထောင်စုသည် မတည်မြဲနိုင်ရာ။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
ဤသည်ကား သင်တို့သည် ပြင်ပလူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာအသက်ရှင်လျှောက်လှမ်း၍ သင်တို့၌ မည်သည့်လိုအပ်ချက်မျှမရှိစေရန်အတွက်ဖြစ်၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။