ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။
ကမ္ဘာဦး 13:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ Common Language Bible ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။ Garrad Bible ထို နောက် အာ ဗြံ သည် တဲ ကို ပြောင်း ၍ ဟေ ဗြုန် မြို့၊ မံ ရေ ညန် မြိုင် သို့ ရောက် မှ တည် နေ လျက် ထို အ ရပ်၌ ထာ၀ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို ဆောက် လေ ၏။ Judson Bible တစ်ဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ |
ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။
လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။
တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယေဖုန္နာ၏သားကာလက်အား ယုဒအမျိုးသားအမွေမြေထဲမှ ဟေဗြုန် ခေါ် ကိရယအာဘမြို့ကို ခွဲဝေပေးလေ၏။ အာဘသည် အာနက၏ဖခင်ဖြစ်၏။