ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
ကမ္ဘာဦး 11:31 - မြန်မာ့စံမီသမ္မာကျမ်း တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။ Common Language Bible တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။- Garrad Bible တေ ရ သည် သား အာ ဗြံ ကို လည်း ကောင်း၊ ဟာ ရန်၏ သား ဖြစ် သူ မြေး လော တ ကို လည်း ကောင်း၊ သား အာ ဗြံ၏ မ ယား ဖြစ် သူ ချွေး မ စာ ရဲ ကို လည်း ကောင်း ခေါ် လျက် ခါ နာန် ပြည် သို့ အ သွား ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထွက် သ ဖြင့် ခါ ရန် မြို့ သို့ ရောက်၍ တည် နေ ကြ သော အ ခါ တေ ရ သည် အ သက် နှစ် ပေါင်း နှစ် ရာ့ ငါး နှစ် စေ့ သော် ခါ ရန် မြို့၌ သေ လေ ၏။ Judson Bible တေရသည် သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်းကောင်း၊ သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲကိုလည်းကောင်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှာ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍နေကြ၏။ |
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
တေရအသက်ရှင်ခဲ့သောနှစ်ပေါင်းမှာ နှစ်ရာ့ငါးနှစ်ဖြစ်၏။ ထို့နောက် တေရသည် ဟာရန်မြို့၌ သေဆုံးလေ၏။
ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
သောဒုံမြို့၌နေထိုင်သော အာဗြံ၏တူလောတနှင့် သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍ ထွက်သွားကြ၏။
တစ်ဖန် ကိုယ်တော်က “ငါသည် သင့်အား ဤပြည်ကိုပေး၍ပိုင်ဆိုင်စေရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှ သင့်ကိုထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏”ဟု အာဗြံအား မိန့်တော်မူ၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အာဗြံကိုရွေးကောက်တော်မူ၍ သူ့ကို ခါလဒဲပြည် ဥရမြို့မှထုတ်ဆောင်ခဲ့ပြီး အာဗြဟံဟူသောအမည်ကိုပေးတော်မူ၏။
ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။