Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 11:31 - Common Language Bible

31 တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 တေ ရ သည် သား အာ ဗြံ ကို လည်း ကောင်း၊ ဟာ ရန်၏ သား ဖြစ် သူ မြေး လော တ ကို လည်း ကောင်း၊ သား အာ ဗြံ၏ မ ယား ဖြစ် သူ ချွေး မ စာ ရဲ ကို လည်း ကောင်း ခေါ် လျက် ခါ နာန် ပြည် သို့ အ သွား ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထွက် သ ဖြင့် ခါ ရန် မြို့ သို့ ရောက်၍ တည် နေ ကြ သော အ ခါ တေ ရ သည် အ သက် နှစ် ပေါင်း နှစ် ရာ့ ငါး နှစ် စေ့ သော် ခါ ရန် မြို့၌ သေ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 တေရ​သည် သား​အာဗြံ​၊ ဟာရန်​၏​သား​ဖြစ်​သော မိမိ​၏​မြေး​လောတ​နှင့် သား​အာဗြံ​၏​မယား​ဖြစ်​သော မိမိ​၏​ချွေးမ စာရဲ​တို့​ကို​ခေါ်​၍ ခါနာန်​ပြည်​သို့​သွား​ရန် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​မှ​ထွက်ခွာ​လေ​၏​။ သို့သော် ဟာရန်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၌​အခြေချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 11:31
20 ပူးပေါင်းရင်းမြစ်များ  

ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-


တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။


အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ​တိုင်း ခါ​ရန်​မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ​၏။ လော​တ​သည်​သူ​နှင့်​အ​တူ လိုက်​ပါ​ခဲ့​၏။-


အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-


သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။


ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။


အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-


သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-


ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-


ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-


ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။-


အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။


ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။


ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-


အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ