သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
ကမ္ဘာဦး 10:10 - မြန်မာ့စံမီသမ္မာကျမ်း သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။ Common Language Bible သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။- Garrad Bible ထို သူ၏ ရှေး ဦး နိုင် ငံ ကား၊ ရှိ နာ ပြည်၊ ဗာ ဗု လုန် မြို့၊ ဧ ရက် မြို့၊ အ က္ကဒ် မြို့၊ ကာ လ နေ မြို့ များ တည်း။ Judson Bible သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။ |
သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ထိုအခါ ဟေဇကိမင်းကြီး ဖျားနာရာမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီး ကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်တို့ကို ပေးပို့၏။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
ခါလဒဲပြည်၊ ဘေဘီလုံမြို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၏။
ထာဝရဘုရားက “မေရသိမ်ပြည်သို့ ချီတက်လော့။ ပေကုပ်ပြည်သားတို့ကို တိုက်ခိုက်လော့။ သူတို့ကိုသတ်လော့။ အကုန်လုံးဖျက်ဆီးလော့။ သင့်ကို ငါမိန့်မှာခဲ့သမျှအတိုင်းပြုလော့”ဟု မိန့်တော်မူ၏။
ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
အို ဇိအုန်သမီးပျို၊ သားဖွားမိန်းမကဲ့သို့ ဝေဒနာကို အလူးအလိမ့်ခံစားလော့။ အကြောင်းမူကား သင်သည် မြို့မှထွက်၍ ကွင်းပြင်၌နေရလိမ့်မည်။ ထို့နောက် ဘေဘီလုံပြည်သို့ ပါသွားရလိမ့်မည်။ သို့သော် ထာဝရဘုရားသည် ထိုပြည်တွင် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်ကယ်တင်တော်မူမည်။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။