အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
ရှင်ယောဟန် 21:12 - မြန်မာ ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- Common Language Bible သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။- Garrad Bible ထိုအခါယေရှုက လာ၍နံနက်စာစားကြလော့ဟု မိန့်တော်မူရာ၊ အရှင်ဘုရားဖြစ်ကြောင်းထင်မှတ်ကြသဖြင့် သင်မည်သူနည်းဟု တပည့်တော်တစ်ပါးမျှ မမေးဝံ့။ Judson Bible ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “လာ၍ နံနက်စာကို စားကြလော့” ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်တော်မူကြောင်းကို သိကြသဖြင့် မည်သူကမျှ “အရှင်သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။ |
အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။
ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။
တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။-
ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။-
နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။-
ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။-