Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 16:19 - မြန်မာ

19 တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ယေရှုသည် မေးလျှောက်လိုကြကြောင်းကိုသိမြင်တော်မူ၍ ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော်မြင်ရကြလိမ့်မည်ဟု ငါပြောသောစကားနှင့်စပ်၍ အချင်းချင်းမေးမြန်းကြသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​လျှင်“ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟု ငါ​ပြော​သော​စကား​နှင့်​ပတ်သက်၍ အချင်းချင်း​မေးမြန်း​ပြောဆို​နေ​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ယေရှု​သည် တပည့်တော်တို့ မေးခွန်း​မေးလျှောက်​လိုကြောင်း​ကို သိတော်မူ​သောအခါ “ ‘မကြာမီ အချိန်​တွင် သင်တို့​သည် ငါ့​ကို တွေ့မြင်​ကြရတော့မည်​မဟုတ်။ သို့ရာတွင် အချိန်​အနည်းငယ် ကြာပြန်သော် ငါ့​ကို ပြန်လည်​တွေ့မြင်ကြရ​လိမ့်မည်’ ဟု သင်တို့​ကို ငါ​ပြောသော​စကား​နှင့်​ပတ်သက်​၍ အချင်းချင်း​မေးမြန်း​ပြောဆို နေကြသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 16:19
18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။-


ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-


ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။


ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-


ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။-


ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟု မိန့်​တော်​မူ၏။-


ခ​ဏ​ဟူ၍​မိန့်​တော်​မူ​သော် အ​ဘယ်​သို့​ဆို​လို​သ​နည်း။ မိန့်​တော်​မူ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​လည်​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-


ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-


ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။-


အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏-


ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-


ထို​သို့ တ​ပည့်​တော်​တို့ ကဲ့​ရဲ့​ပြစ်​တင်​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​လျှင်၊ ဤ​တ​ရား​စ​ကား​ကြောင့် သင်​တို့​သည် စိတ်​ပျက်​ကြ​သ​လော။-


ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ