ရှင်ယောဟန် 21:12 - မြန်မာ့စံမီသမ္မာကျမ်း12 ယေရှုက“လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။ အခန်းကိုကြည့်ပါ။Common Language Bible12 သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။- အခန်းကိုကြည့်ပါ။Garrad Bible12 ထိုအခါယေရှုက လာ၍နံနက်စာစားကြလော့ဟု မိန့်တော်မူရာ၊ အရှင်ဘုရားဖြစ်ကြောင်းထင်မှတ်ကြသဖြင့် သင်မည်သူနည်းဟု တပည့်တော်တစ်ပါးမျှ မမေးဝံ့။ အခန်းကိုကြည့်ပါ။Judson Bible12 ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ယေရှုက “လာ၍ နံနက်စာကို စားကြလော့” ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်တော်မူကြောင်းကို သိကြသဖြင့် မည်သူကမျှ “အရှင်သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။ အခန်းကိုကြည့်ပါ။မြန်မာ12 ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- အခန်းကိုကြည့်ပါ။ |
ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။