ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။-
ရှင်ယောဟန် 20:26 - မြန်မာ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- Common Language Bible ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။- Garrad Bible ထိုနောက် ရှစ်ရက်ကြာသော် သောမနှင့်တကွတပည့်တော်တို့သည် အိမ်ထဲတွင်ရှိနေကြပြန်ရာ တံခါးပိတ်လျက်ရှိစဉ် ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မြွက်ဆိုတော်မူပြီးလျှင်၊ Judson Bible ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ |
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။-
ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊-
ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။-
ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။-
ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။
ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။-
ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။-
တစ်ဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊-
တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊-
ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။