Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:27 - မြန်မာ

27 ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:27
65 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-


မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-


မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။


ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-


ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။


တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-


သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-


တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ