Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:21 - မြန်မာ

21 တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 တစ်ဖန်ယေရှုက သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူလိုက်သည့်နည်းတူ ငါလည်းသင်တို့ကိုစေလွှတ်သည်ဟု အမိန့်ရှိတော်မူပြီးလျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:21
20 ပူးပေါင်းရင်းမြစ်များ  

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-


သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-


ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-


ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-


ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။-


ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-


လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ