Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:27 - မြန်မာ

27 ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သောမအား သင့်လက်ညှိုးကိုဆန့်၍ ငါ့လက်များကိုစမ်းသပ်ခြင်း၊ လက်ကိုဆန့်၍ ငါ့နံဘေးကိုနှိုက်ခြင်းပြုလော့။ သံသယကင်း၍ယုံကြည်လော့ဟု မိန့်တော်မူရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို့နောက် သောမ​အား“သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:27
13 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-


ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-


ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊-


လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။-


ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-


သော​မ​က​လည်း၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ပါ​တ​ကား​ဟု ပြန်၍​လျှောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ