Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:25 - မြန်မာ

25 ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သို့​ဖြစ်​၍​အ​ခြား​တ​ပည့်​တော်​များ​က ``သ​ခင် ဘု​ရား​ကို​ငါ​တို့​တွေ့​မြင်​ကြ​ရ​ပြီ'' ဟု​သော​မ အား​ပြော​ဆို​ကြ​၏။ သော​မ​က ``လက်​တော်​၌​သံ​ရိုက်​ရာ​ကို​မ​မြင်၊ သံ​ရိုက်​ရာ​ကို​လက်​ညှိုး​ဖြင့်​မ​တို့​မ​စမ်း၊ နံ​ဘေး တော်​ကို​လက်​ဖြင့်​မ​စမ်း​မ​သပ်​ရ​လျှင်​ငါ​ယုံ မည်​မ​ဟုတ်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထိုကြောင့်အခြားတပည့်တော်တို့က ငါတို့သည်အရှင်ဘုရားကိုဖူးမြင်ရကြပြီဟူ၍ဆိုသော် သောမက လက်တော်များရှိသံချက်များကိုမမြင်၊ လက်ညှိုးဖြင့်မလျှို၊ နံဘေးတော်ကိုလက်နှင့်မနှိုက်ရဘဲ ငါယုံမည်မဟုတ်ဟုပြန်ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သို့ဖြစ်၍ အခြား​သော​တပည့်​တော်​တို့​က သောမ​အား “ငါ​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့သော် သောမ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲသို့ ငါ့​လက်ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံဘေး​တော်​ထဲသို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်သည့်​အခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထို့ကြောင့် တပည့်တော်တို့​က “ငါတို့​သည် သခင့်​ကို မြင်ကြရပြီ” ဟု သောမ​အား ပြောပြကြ၏။ သို့သော် သောမ​က “အရှင့်​လက်တော်တို့​၌ သံရိုက်ရာ​ကို မမြင်ရ၊ ထို​သံရိုက်ရာ​ကို လက်ညှိုး​ဖြင့်​မတို့ရ၊ နံဘေးတော်​ကို လက်​ဖြင့် မစမ်းရ​လျှင် ငါ​မယုံ” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:25
25 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။-


ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။


သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-


ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-


ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ