ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။-
ရှင်ယောဟန် 18:20 - မြန်မာ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- Common Language Bible သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။- Garrad Bible ယေရှုက ငါသည်လျှို့တဝှက်မဟောဘဲ လောကသားတို့အားအထင်အရှားဟောလျက်၊ ယုဒလူမျိုးအပေါင်းတို့စည်းဝေးရာ ဓမ္မာရုံများနှင့်ဗိမာန်တော်တွင် အစဉ်ဒေသနာပေးခဲ့ပြီ။ Judson Bible ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။ |
ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။-
ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။-
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။-
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။-
ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊-
ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။-
အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။-
ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏၊-
ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။-
ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊-
နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊-
သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။-