၂ ရာချုပ် 9:1 - Common Language Bible ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။- Garrad Bible ရှေ ဘ ပြည့် ရှင် ဘု ရင် မ သည် ရှော လ မုန် မင်း ၏ ကျော် စော ကိ တ္တိ သ တင်း ကို ကြား လျှင် နံ့ သာ မျိုး၊ ကျောက် မျက်၊ ရွှေ အ မြောက် အ မြား ကို တင် ဆောင် သော ကု လား အုပ် တို့ နှင့် တ ကွ များ စွာ သော အ ခြံ အ ရံ တို့ ပါ ယေ ရု ရှ လင် မြို့ သို့၊ စ ကား ဝှက် များ ဖြင့် စုံ စမ်း ရန် ရောက် ၍ ရှော လ မုန် မင်း ထံ ဝင် ပြီး လျှင် စိတ်၌ ကြံ စည် သ မျှ ကို စော ဒ နာ တင် သည့် ကာ လ Judson Bible ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ လာ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။ |
ကုရှမှပေါက်ဖွားဆင်းသက်လာသောသားစဉ် မြေးဆက်တို့သည်ကား သေဘလူမျိုး၊ ဟာဝိလ လူမျိုး၊ သာဘတလူမျိုး၊ ရာဂမလူမျိုးနှင့် သတ္တေခါလူမျိုးများဖြစ်ကြ၏။ ရာဂမ၏သား စဉ်မြေးဆက်တို့မှာရှေဘနှင့်ဒေဒန်လူမျိုး များဖြစ်သည်။-
ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။-
ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။
ငါသည်မိမိအခက်အခဲရှိသမျှကို ကိုယ်တော်အားဖော်ပြပါ၏။ ဒုက္ခရှိသမျှကိုကိုယ်တော်အားလျှောက်ထား ပါ၏။
ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
မင်းကြီးသည်သက်တော်ရှည်ပါစေသော။ အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။ လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။
ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။
ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-