၂ ရာချုပ် 9:9 - Common Language Bible9 ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။ အခန်းကိုကြည့်ပါ။Garrad Bible9 ရွှေ ချိန် ခွက် သုံး ထောင် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေဘ ဘုရင် မ ဆက် သွင်း သော နံ့ သာ မျိုး ကဲ့ သို့ နောက် တစ် ဖန် မ ရောက် ချေ။ အခန်းကိုကြည့်ပါ။Judson Bible9 ရွှေအခွက်တစ်ရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့်တူသော နံ့သာမျိုးသည် မရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုးကို နောက်ထပ်မရရှိတော့ချေ။ အခန်းကိုကြည့်ပါ။ |
ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။