မဿဲ 2:11 - Common Language Bible11 သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 အိမ် သို့ ဝင်၍ မယ် တော် မာ ရိ နှင့် တ ကွ သူ ငယ် တော် ကို တွေ့ သော် ပျပ် ဝပ် ဖူး မြော် လျက် ဘဏ္ဍာ ကြုတ် များ ကို ဖွင့် ပြီး လျှင် ရွှေ၊ လော် ဗန်၊ မု ရန် လက် ဆောင် တော် များ ကို ဆက် သ ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible11 အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ11 အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။