Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:31 - Common Language Bible

31 ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ရှော လ မုန် မင်း၏ ဉာဏ် ပ ညာ စ ကား ကို ကြား နာ ခြင်း ငှာ မြေ ကြီး အ စွန်း အ ဖျား က ရောက် လာ သော တောင် ပြည့် ရှင် ဘု ရင် မ သည် တ ရား စီ ရင် တော် မူ သည့် ကာ လ၊ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် လိမ့် မည်။ ရှော လ မုန် မင်း ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား။ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​လူ​တို့​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို​နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 တရားစီရင်တော်မူသော​နေ့​တွင် တောင်ပိုင်း​မိဖုရား​သည် ဤ​မျိုးဆက်​အား ထ​၍ အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မိဖုရား​သည် ရှောလမုန်မင်းကြီး​၏​ပညာစကား​ကို နားထောင်​ရန် ဝေးလံသော​အရပ်​မှ ရောက်လာ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုကြလော့။ ရှောလမုန်​မင်းကြီး​ထက် ကြီးမြတ်သော​သူ​သည် ဤ​အရပ်​၌ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား။ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:31
11 ပူးပေါင်းရင်းမြစ်များ  

ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-


သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဣ​သ ရေ​လ​သည်​ငါ့​ထံ​မှ​မျက်​နှာ​လွှဲ​၍​သွား သော်​လည်း သစ္စာ​ဖောက်​ယု​ဒ​လောက်​မ​ဆိုး'' ဟု မိန့်​ကြား​တော်​မူ​၏။-


ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။


သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင် ဖြင့် ကိုယ်​ခန္ဓာ​ပုံ​သဏ္ဌာန်​ထင်​ရှား​စွာ​ဖြင့်​ကိုယ်​တော် ၏​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ မိုး​ကောင်း​ကင် မှ ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ် သား​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။


မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။


သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-


ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ