Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 8:18 - Common Language Bible

18 သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဟု ရံ မင်း လည်း ပင် လယ် သွား ကျွမ်း ကျင် သူ တို့ ပါ သင်္ဘော များ ကို ရှော လ မုန် မင်း ၏ သင်္ဘော သား တို့ နှင့် အ တူ သြ ဖိ ရ ပြည် သို့၊ စီး စေ သည့် အ တိုင်း ရွှေ ချိန် ခွက် တစ် သောင်း သုံး ထောင့် ငါး ရာ ကို ဆောင် ယူ ခဲ့ ပြီး လျှင် ရှော လ မုန် မင်း ထံ ဆက် သ ကြ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဟိ​ရံ​သည်​လည်း ပင်​လယ်​ကူး​သော​အ​မှု​ကို နား​လည်​သော မိ​မိ​လူ​များ၊ သင်္ဘော​သား​များ​ကို မိ​မိ​ကျွန်​တို့​နှင့်​အ​တူ ရှော​လ​မုန်​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရှော​လ​မုန်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက် လေး​ရာ​ငါး​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဟုရံ​မင်းကြီး​သည် ပင်လယ်ပြင်​အကြောင်း​သိနားလည်​သော မိမိ​အမှုထမ်း​သင်္ဘောသား​များ​နှင့်တကွ သင်္ဘော​များ​ကို ရှောလမုန်​မင်းကြီး​ထံ စေလွှတ်​၍ ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ ဩဖိရ​မြို့​သို့ ရွက်လွှင့်​သွား​ကြ​ပြီး ရွှေ​တာလန်​လေး​ရာ့​ငါးဆယ်​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို ဆက်သ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 8:18
6 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။


(သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။-


ကုန်​သည်​တို့​ပေး​သွင်း​သည့်​အ​ခွန်​တော်​များ အပြင်​နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​မင်း​ထံ​ဆက် သွင်း​ရ​သော​ရွှေ​ချိန်​မှာ​နှစ်​ဆယ့်​ငါး​တန်​ကျော် ကျော်​ဖြစ်​၏။ အာ​ရပ်​ဘု​ရင်​များ​နှင့်​ဣသ​ရေ​လ နယ်​မြေ​ဘု​ရင်​ခံ​များ​က​လည်း​မင်း​ကြီး​ထံ ရွှေ၊ နှင့်​ငွေ​များ​ကို​ဆက်​သွင်း​ရ​ကြ​သည်။-


မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-


ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ