ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
၂ ရာချုပ် 20:7 - Common Language Bible ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။- Garrad Bible အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ကိုယ် တော် သည် တိုင်း ရင်း သား တို့ ကို၊ လူ မျိုး တော် ဣ သ ရေ လ ရှေ့ နှင် ထုတ် လျက်၊ အ ဆွေ တော် အာ ဗြံ ဟံ ၏ သား စဉ် မြေး ဆက် တို့ အား၊ တိုင်း ပြည် ကို ပေး သနား တော် မူ ခဲ့ သည် မ ဟုတ် ပါ လော။ Judson Bible ဤပြည်၌နေဖူးသော သူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုးရှေ့မှ နှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။-
ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊ လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။
သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-
သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
သင်တို့မထွန်ယက်၊ မလုပ်ကိုင်ခဲ့ဘူးသောလယ် ယာနှင့်မတည်ခဲ့ဘူးသောမြို့များကိုသင်တို့ အားငါပေးခဲ့၏။ ယခုအခါသင်တို့သည်ထို မြေပေါ်တွင်နေထိုင်၍ သင်တို့မစိုက်သောစပျစ် ခြံနှင့်သံလွင်ခြံတို့မှအသီးကိုစားသုံးရ ကြ၏' ဟုဆို၏။
ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။-