Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:6 - Common Language Bible

6 ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ တွင်​စံ​တော်​မူ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ကို​အုပ်​စိုး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​တန်​ခိုး အာ​နု​ဘော်​ပြည့်​စုံ​တော်​မူ​သ​ဖြင့်​အ​ဘယ် သူ​မျှ​ကိုယ်​တော်​အား​အ​တိုက်​အ​ခံ​မ​ပြု နိုင်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အို ဘိုး ဘေး တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ မိုး ကောင်း ကင် ကို စိုး ပိုင် လျက်၊ လူ မျိုး တို့ တိုင်း နိုင် ငံ ဟူ သ မျှ ကို အုပ် စိုး တော် မူ သော ဘု ရား ဖြစ် တော် မူ သည် မ ဟုတ် ပါ လော။ မည် သူ မျှ မ တန့် စား နိုင် သော လက် ရုံး တန် ခိုး ရှိ တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:6
31 ပူးပေါင်းရင်းမြစ်များ  

``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-


ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''


ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-


ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊-


စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။


``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မိုး​မြေ​၌​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည်​စ​ကား​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း နာ​ယူ​ကျင့်​သုံး​ကြ​သော​အ​ခါ​ကိုယ်​တော် သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ်​တော် ကို​စောင့်​ထိန်း​တော်​မူ​လျက်​သူ​တို့​အား မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-


ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။


ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။


အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။


ဘု​ရား​သ​ခင်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော ရာ​ဇ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​အုပ်​စိုး​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​၏​အာ​နု​ဘော် အား​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။


ဘု​ရား​သ​ခင်​၌​တန်​ခိုး​ရှိ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ခိုင်​မြဲ​ကြောင်း ကို​လည်း​ကောင်း တစ်​ကြိမ်​မ​က​ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ခဲ့​ရ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင်​ပင်​လူ​အ​ပေါင်း တို့​အား အ​ကျင့်​အ​လျောက်​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ချ​ပေး​တော်​မူ​ပါ​၏။


ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​တိုင်း​ပြု​တော်​မူ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း အ​ပြစ်​ဒဏ် ခတ်​ရန်​လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ ဆီး​တား​နိုင်​လိမ့်​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။-


ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-


ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။


အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။-


အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။


သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။


ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။


``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-


ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ