Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 24:13 - Common Language Bible

13 သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ ပေး သည် နှင့် အ ညီ ကိုယ် တိုင် မ ခုတ် ထွင် ရ သော လယ် ယာ၊ မ တည် ဆောက် ရ သော မြို့ ရွာ များ တွင် နေ ထိုင် ခွင့်၊ မ စိုက် မ ပျိုး ရ သော စ ပျစ်၊ သံ လွင် ခြံ ထွက် စား သောက် ခွင့် များ ကို ရ ကြ သည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​မ​လုပ်​သော​မြေ၊ မ​တည်​သော​မြို့​တို့​ကို ငါ​ပေး၍ သင်​တို့​သည် နေ​ရ​ကြ၏။ ကိုယ်​တိုင်​မ​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို စား​ရ​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​သည် သင်​တို့​မ​ထွန်ယက်​သော​မြေ​၊ သင်​တို့​မ​တည်ဆောက်​သော​မြို့​များ​ကို သင်​တို့​အား​ပေး​သဖြင့် သင်​တို့​သည် ထို​မြို့​တို့​တွင် နေထိုင်​ရ​ကြ​၏​။ သင်​တို့​မ​စိုက်ပျိုး​သော​စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​မှ အသီး​ကို​လည်း​စား​ရ​ကြ​၏​’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 24:13
7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။-


သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထား​တော်​မူ​သော​က​တိ​တော် ရှိ​သ​မျှ​အ​တိုင်း​ပြု​တော်​မူ​သ​တည်း။


သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-


အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ငါ​က​တိ​ထား​သော​ပြည်​သို့​သင်​တို့​အား​ပို့ ဆောင်​မည်။ ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား အ​ပိုင်​ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ၏' ဟူ​၍​ပြော​ကြား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​တော်​မူ​မည့်​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို သုတ်​သင်​ပယ် ရှင်း​ပြီး​နောက်​သင်​တို့​သည်​သူ​တို့​၏​မြို့​များ နှင့်​အိမ်​များ​ကို​သိမ်း​ယူ​နေ​ထိုင်​ကြ​သော အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ