၂ ရာချုပ် 11:13 - Common Language Bible ဣသရေလနိုင်ငံတစ်ဝှမ်းလုံးမှယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် တောင် ဘက်ရှိယုဒပြည်သို့လာရောက်ကြ၏။- Garrad Bible ဣ သ ရေ လ နိုင် ငံ တစ် ဝှမ်း လုံး ရှိ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခို ဝင် ကြ ကုန် ၏။ Judson Bible ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော်သို့ လာကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးပြည်တစ်ပြည်လုံးရှိယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်နေရပ်အသီးသီးမှ ရောဗောင်မင်းကြီးထံသို့ လာကြ၏။ |
ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။-
အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။-
ဒိုင်းလွှားနှင့်လှံတံများကိုသိုလှောင်ထားတော် မူ၏။ ဤနည်းအားဖြင့်သူသည်ယုဒနှင့်ဗင်္ယာ မိန်နယ်မြေများကိုထိန်းသိမ်းအုပ်ချုပ်ထား တော်မူ၏။
ဣသရေလဘုရင်ယေရောဗောင်နှင့်သူ၏အရိုက် အရာကိုဆက်ခံသူတို့သည် လေဝိအနွယ်ဝင် တို့အားထာဝရဘုရား၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်အမှုတော်ထမ်းဆောင်ရန်ခွင့်မပြု ကြချေ။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည် မိမိတို့၏စားကျက်များနှင့်အခြားမြေယာ များကိုစွန့်၍ ယုဒပြည်၊ ယေရုရှလင်မြို့သို့ ရောက်ရှိလာကြ၏။-
ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။-
သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။
ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။-
အကယ်၍သူတို့သည်ငါ၏အမိန့်တော်ကို မနာခံဘဲ``ထာဝရဘုရား၏ဝန်ထုပ်ဝန် ပိုး'' ဟူသောစကားကိုသုံးသောသူတို့ အားဤသို့ပြောကြားလော့။-
သင်တို့သည်ပြည်တော်တွင်အသက်ရှင်နေ ထိုင်သမျှကာလပတ်လုံး လေဝိအမျိုး သားတို့ကိုမမေ့ရန်သတိချပ်လော့။''
သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-