Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 11:14 - Common Language Bible

14 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 ယေ ရော ဗောင် မင်း နှင့် သား တော် တို့ သည် လေ ဝိ အ နွယ် သား တို့ ကို ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် ရာ ထူး မှ ချ ၍ ကိုယ် လုပ် သော နွား ရုပ်၊ နတ် မိ စ္ဆာ၊ မြင့် ရာ ဌာ န များ အ တွက် အ ခြား ပ ရော ဟိတ် များ ကို ခန့် ထား သော ကြောင့် ထို သူ တို့ သည် ပိုင် ရာ စား ကျက် များ ကို စွန့်၍ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​ဖြစ်​သော ပိုင်​ထိုက်​ရာ​အ​ရပ်​ကို စွန့်၍၊ ယု​ဒ​ပြည်​ယေ​ရု​ရှင်​မြို့​သို့ ရောက်​လာ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ယေ​ရော​ဗောင်​နှင့် သူ၏​သား​တို့​သည်၊ လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို စောင့်​ရ​သော​အ​ရာ​မှ​ချ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ယေရောဗောင်​မင်းကြီး​နှင့် သူ​၏​သား​တို့​သည် လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​အမှု​တော်​ဆောင်​သော​ယဇ်ပုရောဟိတ်​အဖြစ်​မှ ရပ်စဲ​သွား​စေ​သောကြောင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​စားကျက်မြေ​များ​အပါအဝင် ပိုင်ဆိုင်​ရာ​များ​ကို​စွန့်​ပြီး ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​သို့ လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 11:14
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။


ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-


ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။-


ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ