Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 30:1 - Common Language Bible

1-3 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ပြု​ပြီး သူ ယဇ်​ပု​ရော​ဟိတ်​အ​ရေ​အ​တွက်​လုံ​လောက် အောင်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​သို့​လာ​ရောက်​စု​ဝေး​သူ​တို့​သည် မ​များ​သော​ကြောင့်​လည်း​ကောင်း၊ ပြည်​သူ တို့​သည်​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​မြဲ ဖြစ်​သည့်​ပ​ထ​မ​လ​တွင်​မ​ကျင်း​ပ​နိုင် ကြ​ချေ။ ထို​ကြောင့်​ဟေ​ဇ​ကိ​မင်း​နှင့် တ​ကွ မှူး​မတ်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​သည် ထို​ပွဲ​တော် ကို​ဒု​တိ​ယ​လ​၌​ကျင်း​ပ​ရန်​သ​ဘော တူ​ကြ​လေ​သည်။ ထို​နောက်​မင်း​ကြီး​သည် ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ လူ အ​ပေါင်း​တို့​ထံ​သို့​အ​ကြောင်း​ကြား​တော် မူ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​နှင့်​မ​နာ​ရှေ အ​နွယ်​တို့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​လာ ရောက်​ကြ​ရန်​အ​ထူး​ဂ​ရု​ပြု​၍ ဖိတ် ကြား​စာ​များ​ပေး​ပို့​တော်​မူ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-3 ပ ရော ဟိတ် တို့ သည် လုံ လောက် အောင် မ သန့် ရှင်း သေး သော ကြောင့် လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ လည်း၊ ယေ ရု ရှ လင် မြို့ တွင် မ စု ဝေး သော ကြောင့် လည်း ကောင်း၊ ထို လ တွင် ပ သ ခါ ပွဲ ကို မ ကျင်း ပ နိုင် သည့် အ တွက်၊ ဒု တိ ယ လ တွင် ကျင်း ပ မည် ဟု ဘု ရင် မင်း နှင့်၊ မှူး တော် မတ် တော်၊ ယေ ရု ရှ လင် မြို့ ရှိ လူ ပ ရိ သတ် တို့ ညီ ညွတ် ကြ သည် နှင့် အ ညီ၊ ဟေ ဇ ကိ မင်း သည်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ယေ ရု ရှ လင် ဗိ မာန် တော် သို့ လာ ရောက်၍ ပ သ ခါ ပွဲ တော် ကို ကျင်း ပ ကြ စေ ရန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် မှ စ သော၊ ဣ သ ရေ လ၊ ယု ဒ တစ် မျိုး လုံး အား၊ အ မှာ တော် စာ ပို့ လိုက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​အိမ်​တော်​သို့​လာ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကျင်းပ​ကြ​ရန် ဟေဇကိ​မင်းကြီး​သည် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပေါင်း​တို့​ထံ သတင်းပို့​၏​။ ဧဖရိမ်​လူမျိုး​၊ မနာရှေ​လူမျိုး​တို့​ထံသို့​လည်း စာ​ရေး​အကြောင်းကြား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 30:1
17 ပူးပေါင်းရင်းမြစ်များ  

``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊ သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။ သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။


``သူ​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် သူ​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​၍​မ​လာ နိုင်​ကြ။ သူ​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ခြင်း ကို​စွဲ​လန်း​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ကို​မ​သိ​ကြ။-


သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။-


ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-


ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။-


ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။


ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-


ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-


ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ