၂ ရာချုပ် 16:1 - Common Language Bible1 ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 အာ သ မင်း နန်း စံ သုံး ဆယ့် ခြောက် နှစ် တွင်၊ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း သည်၊ ယု ဒ ပြည် နယ် စပ် သို့ ချီ သွား ပြီး လျှင်၊ ယု ဒ ဘုရင် အာ သ မင်း ထံ ထွက် ဝင် ခွင့် မ ရှိ ကြ စေ ရန်၊ ရာ မ မြို့ ကို တည် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible1 အာသမင်း နန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ၊ ရာမမြို့ကိုတည်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အာသမင်းကြီးနန်းစံသုံးဆယ့်ခြောက်နှစ်တွင် အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။