၂ ရာချုပ် 23:2 - Common Language Bible2 သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ထို သူ တို့ သည် ယု ဒ ပြည် လုံး နှံ့ လှည့် လည် လျက်၊ လေ ဝိ ဂိုဏ်း သား တို့ နှင့်၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အချုပ် တို့ ကို၊ မြို့ ရွာ များ မှ ခေါ်၍၊ ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလအဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့သို့ ပြန်လာကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။ အခန်းကိုကြည့်ပါ။ |
ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-