ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။-
၁ ရာချုပ် 28:2 - Common Language Bible ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။- Garrad Bible ရပ် လျက် မိန့် ဆို သည် မှာ ငါ့ ညီ အစ် ကို၊ ငါ့ လူ မျိုး တို့၊ နား ထောင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ခြေ တော် တင် ခုံ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် သေ တ္တာ တည် မြဲ ရာ ဗိ မာန် တော် ကို ငါ ဆောက် မည် ကြံ ရွယ် လျက် ကိုယ် တိုင် ပြင် ဆင် ခဲ့ သော် လည်း၊ Judson Bible ထိုအခါ ဒါဝိဒ်မင်းကြီးသည် ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် ငြိမ်ဝပ်ရာအိမ်တည်းဟူသော ဘုရားသခင်၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှာ ပြင်ဆင်နှင့်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။ |
ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။-
မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။-
ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
ထိုနောက်ရှောလမုန်သည်ဆက်လက်၍``ငါ၏ ခမည်းတော်သည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားအား ကိုး ကွယ်ဝတ်ပြုရာဗိမာန်တော်ကိုတည်ဆောက် ရန်ကြံစည်ခဲ့သော်လည်း၊-
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
``ဤမြို့တွင်ထာဝစဉ်ငါကိန်းဝပ်တော်မူမည်။ ဤမြို့တွင်ငါစိုးစံရန်အလိုရှိတော်မူသည်။
အို ထာဝရဘုရား၊ ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊ ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်း ဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။ အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟု ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။
ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
`ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။
ထာဝရဘုရားရွေးချယ်တော်မူသောသူ ကိုသာဘုရင်တင်မြှောက်ရမည်။ သူသည် သင်တို့၏အမျိုးသားချင်းထဲမှဖြစ်ရ မည်။ လူမျိုးခြားကိုဘုရင်မတင်မြှောက်ရ။-
ဤနည်းအားဖြင့်သူသည်မိမိ၏အမျိုးသား ချင်းတို့ထက် သာသည်ဟူ၍မာနထောင်လွှား သောစိတ်ရှိမည်မဟုတ်။ ထာဝရဘုရား၏ အမိန့်တော်များကိုလည်းလွန်ဆန်မည်မဟုတ်။ ထိုအခါသူနှင့်သူ၏အဆက်အနွယ်တို့ သည် ဣသရေလနိုင်ငံကိုအဋ္ဌွန့်ရှည်စွာ အုပ်စိုးရကြလိမ့်မည်။''