တရားဟော 17:15 - Common Language Bible15 ထာဝရဘုရားရွေးချယ်တော်မူသောသူ ကိုသာဘုရင်တင်မြှောက်ရမည်။ သူသည် သင်တို့၏အမျိုးသားချင်းထဲမှဖြစ်ရ မည်။ လူမျိုးခြားကိုဘုရင်မတင်မြှောက်ရ။- အခန်းကိုကြည့်ပါ။Garrad Bible15 အ မျိုး မ တူ၊ တစ် ပါး အ မျိုး သား ဖြစ် သူ ကို မ မြှောက် ရ ဘဲ ဆွေ မျိုး သား ချင်း အ နက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ အံ့ သော သူ့ ကို သာ၊ မင်း မြှောက် ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible15 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောသူကိုသာ သင့်ကိုအုပ်စိုးမည့်ဘုရင်အဖြစ် တင်မြှောက်ရမည်။ ဘုရင်အဖြစ် သင်တင်မြှောက်သောသူသည် သင်၏အမျိုးသားချင်းထဲမှဖြစ်ရမည်။ သင်၏အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို တင်မြှောက်ခွင့်မရှိ။ အခန်းကိုကြည့်ပါ။ |
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ရှောလုမင်း၏နေရာတွင်ဒါဝိဒ်အားမင်း မြှောက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ရန် စစ်အတတ်ကိုလေ့ကျင့်ပြီးသောစစ်သူရဲ အများပင်သူ၏တပ်မတော်သို့ဝင်ရောက် လာကြ၏။ ထိုသူတို့၏အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ဒိုင်းလွှားများနှင့်လှံများကိုင်ဆောင်လျက် စစ်လက်နက်အပြည့်အစုံပါသောယုဒ အနွယ်ဝင်စစ်သူရဲခြောက်ထောင့်ရှစ်ရာ။ ကောင်းစွာလေ့ကျင့်ပြီးသူရှိမောင်အနွယ် ဝင် စစ်သူရဲခုနစ်ထောင့်တစ်ရာ။ လေဝိအနွယ်ဝင်လူပေါင်းလေးထောင့်ခြောက်ရာ။ အာရုန်မှဆင်းသက်သောယောယဒ၏နောက်လိုက် လူပေါင်းသုံးထောင့်ခုနစ်ရာ။ စစ်တိုက်ကောင်းသူ၊လုလင်ပျိုဇာဒုတ်၏ဆွေမျိုး၊ ခေါင်းဆောင်နှစ်ဆယ့်နှစ်ဦး။ ရှောလု၏အနွယ်စုဖြစ်သောဗင်္ယာမိန်အနွယ်ဝင် လူပေါင်းသုံးထောင်။ (ဗင်္ယာမိန်အနွယ်မှလူများစု သည်ရှောလုမင်း၏သစ္စာတော်ကိုစောင့်သိကြသူ များဖြစ်၏။) ဧဖရိမ်စစ်သူရဲနှစ်သောင်းရှစ်ရာ။ သူတို့သည် မိမိတို့သားချင်းစုတွင်နာမည်ကျော်သူ များတည်း။ အနောက်ပိုင်းမနာရှေအမျိုးသားများမှ ဒါဝိဒ်အားမင်းမြှောက်နိုင်ရေးအတွက်သွား ရောက်ဆောင်ရွက်ရန် ရွေးချယ်ထားသူလူပေါင်း တစ်သောင်းရှစ်ထောင်။ ဣသခါအနွယ်ဝင်ခေါင်းဆောင်နှစ်ရာနှင့် သူတို့ ၏နောက်လိုက်များ (ဤခေါင်းဆောင်များသည် ဣသ ရေလအမျိုးသားတို့ပြုအပ်သောအမှုနှင့်ပြု ရန် အချိန်ကာလကိုသိရှိသူများဖြစ်ကြ၏။) ယုံကြည်စိတ်ချရ၍သစ္စာရှိသူဇာဗုလုန် အနွယ်ဝင်လူငါးသောင်း။ သူတို့သည်စစ်တိုက် ရန်အဆင်သင့်ရှိကြလျက်လက်နက်မျိုးစုံ ကိုကိုင်ဆောင်တတ်သူများဖြစ်ကြ၏။ ဒိုင်းလွှား၊ လှံတံကိုင်ဆောင်သူလူသုံးသောင်းခုနစ် ထောင်နှင့်တကွ နဿလိအနွယ်ဝင်ခေါင်းဆောင် တစ်ထောင်။ စစ်အတတ်ကိုလေ့ကျင့်ထားပြီးသူ၊ ဒန်အနွယ်ဝင်စစ်သူရဲနှစ်သောင်းရှစ်ထောင်ခြောက် ရာ။ တိုက်ပွဲဝင်ရန်အသင့်ရှိသူအာရှာအနွယ်ဝင် လူပေါင်းလေးသောင်း။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းမှရုဗင်၊ ဂဒ်နှင့် အရှေ့မနာရှေအနွယ်ဝင်များထဲမှလက်နက် မျိုးစုံကိုင်ဆောင်တတ်သူ လူပေါင်းတစ်သိန်း နှစ်သောင်းတို့ဖြစ်သတည်း။
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။