တရားဟော 17:16 - Common Language Bible16 ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။- အခန်းကိုကြည့်ပါ။Garrad Bible16 သို့ ရာ တွင်၊ အိ ဂျစ် ပြည် သို့ မ ပြန် ကြ ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြီး ဖြစ်၍ ထို မင်း သည် မြောက် မြား သော မြင်း တပ် ကို ရ ရန် အ ကြံ နှင့် လူ မျိုး တော် ကို အိ ဂျစ် ပြည် သို့ မ ပြန် စေ ရ။ မြောက် မြား သော မြင်း တပ် ကို မ ပိုင် ရ။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ |
ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။